Jun 26


(ကိုလျှာရှည်ဘလော့ဂ်မှ ကူးယူဖော်ပြသည်)

တိန် .. တိန် .. တိန် .. ဗြောင်လိမ် .. ပူ .. ဗြောင်လိမ် ဗြောင်လိမ် .. တိန် .. တိန် .. တိန် .. ဗြောင်လိမ် .. ပူ .. ဗြောင်လိမ် ဗြောင်လိမ် ..

(ဇာတ်တီးလုံးဆိုပါတော့၊ ဖြည့်တွေးကြပါ ..)

ကျွန်တော်တို့ရဲ့ ရွာစားကျော် စိန်ပတ်ရှည်တစ်ယောက်ဟာ ငပိတော (အဲလေ .. ) ငပုတော (အာ..ဟုတ်သေးပါဘူး) ဘိုကလေးမှာ ယမ် ယမ်ခေါက်ဆွဲကြား လက်ညပ်သွားလို့ အရိုးထဲက ယားသတဲ့။ ဒါကြောင့် နောက်ဆုံးနှစ်သံက ဗြောင်လိမ်လို့ထွက်နေတာပါ။

အဲဒီအချိန်မှာပဲ ပြောချင်လွန်းလို့ အငြိမ့်အဖွဲ့ကြီးရဲ့ ပြည်ဖုံးကားကြီး ၀ုန်းကနဲ ပွင့်တက်သွားတယ်။ ကြိုးဆွဲစရာမလိုတော့ဘူးခင်ဗျ။ ကိုသိန်းစိန် ဘိုကလေးလာတုန်း သူပြောတာတွေ အဲယားကွန်ပရက်ဆာထဲ ထည့်သိမ်းထားပြီး အခုမှသုံးရတာ။ မှုတ်တင်လိုက်တယ်ပေါ့။ နာဂစ်နဲ့အတူ ခေတ်မှီကုန်တာပါခင်ဗျာ။

အလဲ့ !! .. ဒီတစ်ပွဲလူစုံတယ်ဗျ။ Micro Spot Light အရေအတွက် စုစုပေါင်း 11.7 ဘီလီယံရဲ့ အလင်းရောင်အောက်မှာ ပြောချင် လွန်း လို့ အငြိမ့်အဖွဲ့သားငါးယောက် လက်အုပ်လေးချီလျက် ရိုကျိုးစွာရပ်လျက်ရှိပါတယ်။

ဝဲမှယာသို့ မောင်ဒိုင်း၊ ပြောင်ရှည်၊ မင်းသမီးသန်တာရှည်၊ လျှာရှည် နေနတ်နွယ်တို့၊ လေးယောက်နဲ့ တစ်ကောင်ဟာဆိုရင်ဖြင့် ဗွက်သ ရေအပေါင်းနဲ့ ပြည့်စုံနေပါတော့တယ်။ လပ္ပတ္တာအနီး လမုတောရှိ လဗွက်တော ..(သြော်.. အရှိန်လွန်သွားတာ) ဗွက်တောထဲက ဗွက်အ ရောင်ရှိတဲ့ ကြပ်ပြည်နန်းရှယ်နယ်ဖိုက် တံဆိပ် ရေမွှေးတွေ မိတ်ကပ်တွေ သုံးထား လူးထားလို့ပဲခင်ဗျ။

Read the rest of this entry »

May 12

ဝဋ်ဆိုတာ လွတ်တာမျိုးမဟုတ်။ အနှေးနှင့်အမြန် လည်တတ်သောသဘောရှိပါသည်။ မောင်ဒိုင်းလည်း အယ်ဂျာဇီးယား၊ စီအန်အန်၊ ဘီဘီစီ တလှည့်စီ ပြောင်းပြီး ကိုယ့်နိုင်ငံသားတွေ ဒုက္ခရောက်ရတဲ့အတွက် မျက်ရည်စို့လိုက်၊ တိုးလာတဲ့ကိန်းဂဏန်းတွေ တရိပ်ရိပ်ကို တထိတ်ထိတ်ကြည့်နေတုန်း……။

အယ်ဂျာဇီးယားက ဘရိတ်ကင်းနယူးစ်ဆိုပြီး တရုတ်နိုင်ငံက လူတစ်သန်းလောက်နေတဲ့ စီချွမ်ပြည်နယ်မှာ ပြင်းအား ၇.၈ လောက်ရှိတဲ့ ငလျင်ကြီးလှုပ်သွားကြောင်း၊ အသေအဆုံးအပျက်အစီးမသိရသေးကြောင်း ကြေငြာပါတယ်။ (၇.၈ ဆိုတာ နည်းတဲ့ပြင်းအားမဟုတ်ပါလား အရပ်ကတို့..။) နေ့စဉ် နိုင်ငံတကာသတင်းမှာ သတင်းဦးဖြစ်နေတဲ့ မြန်မာနာဂစ်ကိုကျော်ပြီး စီချွမ်ငလျင်က အခု ဦးဆောင်နေပါတယ်လို့ ပြောရမှာပဲ…။ ဘယ့်ဂလောက်ပြင်းလဲဆိုရင် ထိုင်းနဲ့ ဗီယက်နမ်ကတောင် ခံစားမိတယ်ဆိုပဲ။ ထိုင်းကသူငယ်ချင်းကို လှမ်းမေးတော့ သူက ကွန်ပျူတာခန်းလို အလုံခန်းထဲရောက်နေတာမဟုတ်ဘဲ အခန်းပြတင်းပေါက်ဘေးမှာ ရှိနေကြောင်း တော်လည်းသံအသေးစား၊ အပျော့စားပြောရမည့် “ဒုတ်”လိုလို “ဘုတ်” လိုလို ဆိုသောအသံအုပ်အုပ်ကြား၍ ထွက်ကြည့်မိသေးကြောင်းပြောပါသည်။ မျက်စိထဲမီးခိုးလိုလို ဝေသလိုလိုဖြစ်နေ၍ မျက်မှန်ပင့်ကြည့်မိသေးကြောင်း ပြောသည်။ (ဒီကောင်ကလည်း ရွှီးတာလားတော့ မသိ။) ဟိုတနေ့က မိုးကြိုးပစ်သွားကတည်းက သွေးလန့်နေလို့ သတိထားမိတာလို့တော့ ပြောသည်။

ကျောင်းသားလေးကိုးရာဟာ တခါတည်း မြေကြီးအောက် မြှပ်ပြီးသားဖြစ်သွားတယ်လို့ ပထမဆုံး အပျက်အစီးသတင်းဦးတက်လာပါတယ်။ နောက်ထပ် ၁၀၇ ယောက်သေပြီး ၁၀၀ လောက် ဒဏ်ရာရ ဆိုပဲ (ခုထိတော့။) သြော် သဘာဝဘေးဒဏ်များ တယ်တရားကျဖို့ကောင်း..။ မြန်မာနဲ့ တရုတ် ရေစက်နီးပုံများပြောပါတယ်။ မြန်မာကလေဘေး၊ အခုတော့ တရုတ်ကြီးကလည်း အမြန်မကြာ မြေဘေးပေါ့ဗျာ။

ကျုပ်တို့ မြန်မာပြည်က ခွေးမသား စစ်ဘိုလဂျုပ်တွေ ပြည်သူတွေ အတုံးအရုံးသေတာတောင် လူလုံးမပြ၊ အကူလုံးလည်း မရနဲ့ သေနာကျနေတုန်းက ကုလမှာ တရုတ်ကိုယ်စားလှယ်ပြောတာ နားထဲက မထွက်ဘူး၊ “မြန်မာစစ်ဘိုတွေကို စိတ်ရှည်ကြပါ”တဲ့။ ကိုင်း တရုတ်ကြီးရေ..သူတို့ကိုယ်တိုင်ဖြစ်တော့ရော….ခုပဲ ၀မ်ကျားပေါင်ဟာ စီချွမ်ကို လေယာဉ်နဲ့ သွားနေပြီဗျ။ သူများဖြစ်တုန်းကတော့ ဂွေးတက်အောင် မြှောက်ပေး၊ သူတို့ဖြစ်တော့ကျ မျောက်ဖင်ထဲ မီးခဲဝင်သလိုပါပဲလား။

ကျုပ်ကတော့ ဒါ တရုတ်ကြီး ၀ဋ်လည်ခြင်းတမျိုးလို့ အောက်မေ့တယ်ဗျို့။ (ကြားတဲ့က အပြစ်မဲ့သေရသူတွေတော့ အားနာပါရဲ့။) စက်တင်ဘာမှာ ဘုန်းကြီးတွေ၊ လူတွေကို ပစ်သတ်၊ ရိုက်သတ်တော့ “ဒါသူ့ပြည်တွင်းရေးပါ”လို့ ပြောခဲ့တဲ့ ပေါက်ဖော်ကြီး၊ မြန်မာပြည်အောက်ပိုင်းမှာ လူတွေ သောက်သောက်လဲသေနေတာ သူအမျိုးမဟုတ်တော့ သောက်ဂရုမစိုက်တဲ့ အဆီပြန်တဲ့ မျက်နှာကြီးနဲ့ မနေ့တနေ့ကပဲ UN မှာ “မြန်မာစစ်ဘိုတွေကို စိတ်ရှည်ကြပါ”လုပ်သွားတဲ့ တလုပ်ကြီး…၀ဋ် ချက်ချင်းလည်တယ်ပဲ ကျုပ်တော့ အောက်မေ့ပါရဲ့။ ရုရှတောင် အပူတပြင်းကူတဲ့ အချိန် သန်းရွှေကို ဖာသည်လုပ်ပေးနေတဲ့တလုပ် ခုတော့ မှတ်ပြီ ထင်ရဲ့။

ခုချိန်မှာကျုပ်က သတင်းထောက်တစ်ယောက်ယောက်ဆီက မိုက်ကြီးပြေးဆွဲပြီး “ဒီမှာ တရုတ်ကြီးရဲ့ ခုလိုအခြေအနေမျိုးမှာ မြန်မာ့ကိစ္စတုန်းကလို ၀င်လျှာရှည်သလို စိတ်ရှည်ပြီး အေးဆေးလုပ်ပါလို့ ကိုယ့်ကိုယ်ကိုများ မအောက်မေ့ဘူးလား” လို့ ဗျူးလိုက်ချင်ရဲ့ဗျို့။ သူ့တို့ အမျိုးဖြစ်တော့ ကောက်ကာငင်ကာ ၀မ်ကျားပေါင်သွားလိုက်တာများ ဘောင်းဘီတောင် ပါရဲ့လားမသိဘူး။

အကုသိုလ်တွေများလွန်းလို့ အသေဆိုးနဲ့ တစ်ဆွေလုံးတမျိုးလုံး မျိုးကန်းဖို့ စောင့်နေတဲ့ သန်းရွှေနှင့်တစ်အုပ်ကတော့ လာမည် မကြာပါဘူးဗျာ…။ ကြည့်လိုက်ကြဗျာတို့…။ ဟိုတနေ့ကပဲ ဗေဒင်ဘလော်ဂါဆရာရဲ့ ဘလော့ဂ်မှာ ဖတ်ခဲ့ရသေးပါရောလား။ ရှာကြည့်ကြဗျို့။

မောင်ဒိုင်း

May 7

Information for those who would like to donate for victims of Cyclone Nargis

1) UK
Collected by Myanmar Sanga Association UK and Unity to Victory Group.

u2v@u2v.org.uk
tzhtike2004@gmail.com

Ko Kyaw Swar (+44) 7828 890 224
Ko Thant Zin (+44) 7727 248 755
Ko Moe Swe (+44) 7773 325 635
Ko Myat Soe Khine (+44) 7939 222 932

Ko Htike (+44) 7974 817 387
(http://ko-htike.blogspot.com/)

Read the rest of this entry »

May 1

ခေါင်းစဉ်။ ။ အထူးထုတ်ပြန်ကျေညာချက်။

နေ့စွဲ။ ။ မျှော်လင့်ချက် ကုန်ဆုံးရာနေ့။

အကြောင်းအရာ။ ။ လီဖလန်ဒန်ကြီးကို အပီအကြံအဖန်ဖြင့် နိုင်ငံတော်ဂျိုကုပ်မှူးကြီးက ဦးဆောင်၍ SPDC (Sons of Pigs, Dogs and Cows) မှ နေ့မအား ညမအား အယားကုပ်ပြီးနောက် ထောက်ခံမဲပေါင်း ၇၅ ရာခိုင်နှုန်းဖြင့် နည်းမျိုးစုံးဘုံးကာ ကြံ့၊ ပဒတ် ဖွတ်တို့၏ အားပေးမှုဖြင့် “ဖွဲ့ချီးပုံ အခြေမခိုင် ဥပဒေ”ကို အတည်ဖြီးလိုက်ဖြစ်ကြောင်း။

ပြည်သူတို့က ဆန္ဒရှိသလို ပေးထားသော ကြက်ခြေမဲကို၊ တာဝန်ရှိသူများကလည်း လုပ်ချင်သလို ယက် (Yes) လိုက်ပြီး ရရှိလာသော ရလဒ်ဖြစ်သောကြောင့် ဤရလဒ်ကို ဆန့်ကျင်သော သူများသည် ရွေးပျောက်ပွဲဥပဒေ ၁/၁၀၀၀၀၀ (အ) အရ ထောင်ဒဏ်တစ်သံသရာလုံးဖြစ်စေ၊ ငွေဒဏ် ကုဋေရှစ်ဆယ်ဖြစ်စေ၊ ထိုနှစ်ရပ်လုံးကိုဖြစ်စေ ကျခံစေရမည်။

ထွက်ပေါ်လာသော ရလဒ်အရ ဂျိုကုပ်မှူးကြီးသန်းရွှေမှ ဒီမိုကလေစီနည်းကျကျ အာဏာလွှဲပြောင်းပေးသွားမည်ဖြစ်သော်လည်း သမ္မဒလုပ်မည့် မစ္စတာဖိုးလပြည့်သည်လည်းကောင်း၊ ၀င်ချီးချုပ်လုပ်မည့် မစ္စတာထက်တေဇသည်လည်းကောင်း ကျောင်းမပြီးသေးသဖြင့် စစ်တပ်မှ အပစ်အခတ်ကလေးများဖြင့် ပြည်သူများ ရတက်ဗျာမများဘဲ အသက်ပါသွားအောင် ဆက်လက်အုပ်ချုပ်ထားမည်ဖြစ်ကြောင်း။

ပုံ

အမိန့်အရ

တရားသူချီးချုပ် အောင်နက်

မိတ္တူကို

- လူ့ပြည်ရေးရာဌာန၊ ငရဲပြည်။

- ဘင်လာဒင်၊ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့အစည်းကြီး။

- ကင်ဆန်အီ၊ မြောက်တွေအုပ်ချုပ်သော ကိုရီးယား။

မှတ်ချက်။ ။ မောင်ဒိုင်းမီဒီယာမှတဆင့် လူ့ပြည်သို့ ထုတ်ပြန်သည်။

Apr 5

thanshwe79.jpg

 

 thanshwe75.jpg

 

Art by Mr. Creator

Mar 31

စံကွန့်

(ဒေါက်တာလွဏ်းဆွေဘလော့ဂ်မှာ တွေ့တာနဲ့ ကြိုက်လွန်းလို့ ကူးယူဖော်ပြလိုက်တယ်။)

စစ်အစိုးရကတော့ ပြည်သူကို စိန်ခေါ်နေပြီ။ ဒီနှစ်မေလထဲမှာ ပြည်သူ့အလိုဆန္ဒ တစက်မှမပါတဲ့ သူတို့အလိုကျ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတင်းကြီး ထောက်ခံခိုင်းတော့မယ်။ ၂၀၁၀ခုနှစ်မှာ နိုင်လည်းနိုင် ရှုံး လည်းနိုင်မယ့် ညစ်နည်းမျိုး စုံလင်စွာနဲ့ ရွေးကောက်ပွဲကို ကျင်းပပေးလိမ့်ဦးမယ်။

ကိုင်း ပြည်သူတွေ ဘာလုပ်ကြမလဲ။
အတိုက်အခံပါတီတွေ ဘာလုပ်ကြမလဲ။
ဒီမိုကရေစီအင်အားစုတွေ ဘာလုပ်ကြမလဲ။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ဘာလုပ်ကြမလဲ။

ကြိုတင် မျှော်လင့်ထားတဲ့အတိုင်း သူ့ဖဲ သူချိုး သူဝေပြီး ဟောဒီမှာ တစ်သုံးလုံးလို့ လုပ်တော့မယ်ဆိုတာ လူတိုင်း သိပြီးသားပါ။ ဒါလောက် မြန်မြန်ဆန်ဆန်ကြီး ကြေညာလိမ့်မယ်လို့ ထင်မထားတာ တခုပါပဲ။ တကယ်တော့ စစ်အစိုးရက (ဖဲစကားနဲ့ ပြောရရင် ရှိုးကြည့်လိုက်တာ၊ သက်လုံကောင်းရင် လိုက်၊ သက်လုံမကောင်းရင် ပြေး၊ ဒါပဲ)

အချိန်ကတော့ ရောက်နေပြီ။ ပြတ်ပြတ်သားသား စဉ်းစားဆုံးဖြတ်ရမယ့် အချိန်ရောက်နေပြီ။ ပြည်တွင်းက ပြည်သူတွေရော၊ အနိုင်ရပါတီဖြစ်တဲ့ NLD ရော၊ ပြည်ပရောက် ဒီမိုကရေစီအင်အားစုတွေရော လေးလေးနက်နက် စဉ်းစားဆုံးဖြတ်ဖို့ အချိန်ရောက်ပြီ။ မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတွေစုပြီး မီးပုံရှို့ပြရုံနဲ့လည်း ဒီကိစ္စက မပြီးဘူး။ မြန်မာပြည်က တီးဝိုင်းလေး အဆိုတော်လေးခေါ် ပွဲလေးဘာလေး ကျင်းပပြီး ဘီယာသောက်ပြ နေရုံနဲ့လည်း စစ်အစိုးရက ပြုတ်ကျမှာ မဟုတ်ဘူး။ တနှစ်တခါလောက် နဖူးစည်း အနီပတ် သံရုံးရှေ့ သွားအော်၊ အလကားရတဲ့ ရေဒီယို လှိုင်းတိုလေးတွေကနေ ကလော်ဆဲ၊ စေ့စပ်ညှိနှိုင်းဖို့ တောင်းဆိုလိုက်ပါတယ်ဆိုတဲ့ ၀ါရင့်နိုင်ငံရေးသမားဆိုတဲ့ ပုဂ္ဂိုလ်တွေရဲ့ လေချဉ်တက်သံတွေကိုလည်း စိတ်ပျက်လှပါပြီ။ ၁၉၈၈ မှသည် ၂၀၀၈ အထိ အနှစ် နှစ်ဆယ်လုံးလုံး ကျွန်တော်တို့တတွေ အရည်မရ အဖတ်မရတွေနဲ့ အချိန်ကုန်လွန်ခဲ့တယ်ဆိုရင် တချို့ အစာကြေချင်မှ ကြေမယ်။

Read the rest of this entry »

Mar 22

ကြက်တစ်ကာ့ ထိပ်ပြောင်

ကြက်ငကြောင်တွေထဲမှာ

အရေမရ အဖတ်မရ….

ဥစားမရ အသားစားမကျ

ဠင်းတနဲ့ တူသယောင်ယောင်

တိုက်ကြက်ဖ တစ်ကောင်ပေါ့

Read the rest of this entry »

Mar 22

”….မေမြို့ စစ်တက္ကသိုလ် ဗိုလ်လောင်း အမှတ်စဉ် (၅၀)တွင် တက်ရောက်နေသော ဗိုလ်လောင်း ()ဦးသည် ၂၀၀၇ ဒီဇင်ဘာလတွင် လိင်တူချင်း ဆက်ဆံခဲ့ကြကြောင်း…”

ထိုဗိုလ်လောင်းနှစ်ဦး၏ အမည်မှာ ဗိုလ်လောင်း သက်နိုင်ဦးး (တတိယနှစ်)နှင့် ဗိုလ်လောင်း ရဲရင့်ဇော် (ပထမနှစ်) တို့ဖြစ်ကြသည်။ ဗိုလ်လောင်း သက်နိုင်ဦးသည် မေမြို့ စစ်တက္ကသိုလ် အနီးရှိ မိုးကြိုးပစ်ရွာသို့ သွား၍ အရက်ခိုးသောက်ပြီး အဆောင်သို့ ပြန်ရောက်ချိန်တွင် ပထမနှစ် ဗိုလ်လောင်းတက်နေသူ ဗိုလ်လောင်း ရဲရင့်ဇော်အား ရွေချည်ထိုး ဦးထုပ်တံဆိပ် ပေးမည်ဟု လိမ်ညာသွေးဆောင် ဖျားယောင်း၍ မနက် သုံးနာရီခန့်တွင် ခေါ်ယူပြီး ဗိုလ်လောင်းသက်နိုင်ဦး၏ အိပ်ရာပေါ်တွင် ဗိုလ်လောင်း ရဲရင့်ဇော်အား ယောက်ျားခြင်း မဖွယ်မရာ စတင်ပြုလုပ်ခဲ့….

”…… ယောက်ျားခြင်း မဖွယ်မရာ ပြုလုပ်နေစဉ် သေးပေါက် အပေါ့သွားရန် နိုးထလာသော ဗိုလ်လောင်း တဦးမှ တွေ့ရှိသွားကာ ထိုကိစ္စအား သူတို့၏ တပ်ခွဲမှူးအား သွားရောက် တိုင်ကြားခဲ့သည်။ ….. နောက်ဆုံး ထိုကိစ္စသည် ကျောင်းအုပ်ကြီးထံသို့ရောက်ရှိသွားကာ ကျောင်းအုပ်ကြီးမှ ညအိပ် စည်းကမ်းထိမ်းသိမ်းရေး အရာရှိ ဗိုလ်ကြီး ရဲလင်းမောင် ကိုခေါ်ယူ သတိပေးဆုံးမ ကြိမ်းမောင်း ပြစ်တင်ဆူပူခဲ့ပြီး ပြစ်မှုကျူးလွန်သူ ဗိုလ်လောင်း ()ဦးအား စစ်စည်းကမ်းအရ အနည်းငယ်သာ အပြစ်ပေး၍ ဗိုလ်လောင်း သင်တန်းအား ဆက်လက်တက်ရောက် သင်ကြားစေခဲ့ကြောင်း….”

 
“….အထက်ပါ ကိစ္စများကဲ့သို့ ကျူးလွန်ခဲ့သော ဗိုလ်လောင်း
()ဦးကို လက်နက်တတ်ဆင်ပေး၍ တိုင်းရင်းသားလူမျိုးစု ဒေသများသို့စစ်ဆင်ရေး ပြုလုပ်ခိုင်းလိုက်မည်ဆိုပါက ခွေးကို ဂျိုတတ်ပေးသကဲ့သို့ ဖြစ်ချေတော့မည်။

 

Source: ဥတ္တရ (http://ottara2008.blogspot.com/)

Mar 18

မောင်ကျည်ပွေ့ဟာ ဘယ်သူဘယ်ဝါလို့ ထုတ်မပြောလိုသော်လည်း မောင်ဒိုင်းတို့နဲ့ ဘလော့ဂ်အတွေ့စိမ်းသူတော့ မဟုတ်ပါ။ မောင်ကျည်ပွေ့အား ကြိုဆိုပါသည်။

ဘာမှ မလုပ်ခြင်းထက် ကိုယ်နိုင်ရာ တစ်ခုခုလုပ်ပေးခြင်းကို အားပေးပါသည်။ အတွေ့အကြုံတွေအပေါ်အခြေခံပြီး ရေးသားတာကြောင့် ဖတ်ရတာ အနှစ်ပါပါတယ်။ ကောင်းပါတယ်။

မောင်ကျည်ပွေ့ ဘလော့ဂ်အတက်ပေါက်ပါစေသော်ဝ်…

 

ဒီမှာ သွားလည်ကြပါ။ Click Here

Mar 13

နှစ်ပေါက်တစ်ပေါက် ပိတောက်မြေမှာ ကော်မန့်လာဟစ်လေသော လူသစ်ဆိုတာ ကျွန်ုပ်တို့၏ မိတ်ဆွေကြီး ဘလော်ဂါ ကလူသစ်တော့ ဟုတ်မထင်ဘူး။ ဘာလို့လဲဆိုတော့ မေးလ်က luthitmaung@gmail.com မို့လို့ပါ။ ကလူသစ်မေးလ်က ဒါမဟုတ်ဘူး။ ဒီအချက်ကို အရင် ပြောချင်တယ်။ ထင်ယောင်ထင်မှား မလုပ်နဲ့။ “မသိလို့ပါ”လို့ ဆင်ခြေမပေးနဲ့။ ကလူသစ်တောင် မသိရင် ဘလော့ဂ်လာပြီး comment ရေးမနေနဲ့။ 

 

ပိတောက်မြေမှာတင်ရုံနဲ့ နအဖလူ မဖြစ်ပါဘူး။ သူတို့ရဲ့ အရေးအသားနဲ့ လိုရာဆွဲမှုတွေ ကြောင့်သာဖြစ်တာပါ။ ထိုင်းက ဘန်ကောက်ပို့စ်လို အစိုးရသြဇာ မလွတ်တဲ့ သတင်းစာတော့ မသိဘူး။ သည်နေရှင်းလို့ ဘက်မလိုက်တဲ့ သတင်းစာမျိုးကို သွားပို့လို့ ရမယ်ထင်ရင်တော့ ပို့ချင်တဲ့လူကို စိတ္တဆေးရုံ ၀ိုင်းဖမ်းပြီး ပို့လိုက်မှပဲ။ ကလေးကလားအတွေးနဲ့ ၀င်မပြောချင်ပါနဲ့။ အသာနေပါ။ စကားပြောပေါက်ကြည့်တာနဲ့ ဦးနှောက်က အခွံမှန်းသိတယ်။

  Read the rest of this entry »

« Previous Entries